MCC

ပြည်သူ့ဆက်ဆံရေးကော်မတီ

ရည်ရွယ်ချက်များ

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ ပြည်သူ့ဆက်ဆံရေး ကော်မတီသည် အသင်းတော်များ၏ အရေးအရာများ၊ နိုင်ငံတော်နှင့် ဆက်သွယ် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များ ပြည်တွင်း/ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆက်ဆံရေးများကို အသင်းတော်နှင့် လူမှုဝန်းကျင် အကျိုးအလို့ငှာ ဆက်သွယ် ဆောင်ရွက်နေသော ကော်မတီဖြစ်ပါသည်။

အစီအစဉ်များ

  1. အဖွဲ့ဝင်အသင်းတော်များ၊ ဒေသန္တရအသင်းတော်ကောင်စီများတို့နှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊
  2. နိုင်ငံတော်အစိုးရ အဖွဲ့အစည်းအဆင့်ဆင့်တို့နှင့် ဆက်သွယ်ရေး ချောမွေ့စေရန် ဆောင်ရွက်ခြင်း၊
  3. ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်ရေးရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း / ပြည်ပခရစ်ယာန် အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  4. သုတေသနပြုခြင်း၊ သတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်း၊ ကွန်ယက် တည်ဆောက်ခြင်းတို့ဖြင့် အသင်းတော်များ သိရှိအပ်သော အကြောင်းအရာ အချက်အလက်များ သိရှိစေရန်ဆောင်ရွက်ခြင်း၊
  5. ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများတွင်ပါဝင်ခြင်း၊

ဆက်သွယ်ရန်


+ 95- 01 513579, 537957

ကော်မတီအတွင်းရေးမှူး

မိုင်ကေသီမင်းဒင်

09- 795819751

[email protected]

Committee Members