MCC

အသစ်ရောက်သော စာအုပ်များ

စာအုပ်အမည်

ကွန်စီးလျာမိတ်သဟာယ၊ တူညီသောရူပါရုံသို့ (Conciliar Fellowship, A Common Goal)

စာရေးသူ

Catholicos Aram I Keshishian (မူရင်းစာရေးသူ) ၊ သိက္ခာတော်ရဒေါက်တာဗန်ကုန်း (ဘာသာပြန်သူ)

စာအုပ်အကြောင်း

စာအုပ်ကို ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ယုံကြည်ခြင်းနှင့် ကျင့်သုံးမ၍ကော်မရှင်မှ ထုတ်ဝေခဲ့ပါသည်။

တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၏ မိုဒယ်အဖြစ်ခံယူလာကြသော “ ကွန်စီးလျာမိတ်သဟာယ (Conciliar Fellowship)” သဘောတရားကို ရှင်းလင်းထားပါသည်။ ကွန်စီးလျာမိတ်သဟာယ (Conciliar Fellowship) ၏ အနှစ်သာရသည် ဒေသန္တရအသင်းတော်များ၏ မိတ်သဟာယတွင် အခြေခံထားသည်ကို ရှင်းလင်းတင်ပြထားပါသည်။

ဤစာအုပ်တွင် ပါဝင်သော အကြောင်းအရာများ၊ အချက်အလက်များသည် တစ်လုံးတစ်ဝတည်းဖြစ်ရေးကို ဓမ္မကြောင်းအရ လမ်းညွှန်မှု ပေးထားပါသည်။

စာအုပ်အမည်

သာဘာတရားများအကြား အပြန်အလှန်နားလည်မှုလမ်းညွှန် (ငြိမ်းချမ်းစွာ တူယှဉ်တွဲနေထိုင်ရေးဆီသို့)

စာရေးသူ

သိက္ခာတော်ရ ဒေါက်တာဦးအေးမင်း ၊ ဘဒ္ဒန္နမေဓာနန္န၊ Ven.Hindu Dharma Acaria B. Ramaesh Kumar (a) ဦး ဆန်းမင်းနိုင် ၊ မုဖ်သီ ဦးစန်းအောင်

စာအုပ်အကြောင်း

စာအုပ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ သာသနာပြုရေးနှင့် တစ်လုံးတစ်ဝတည်းဌာနမှ ထုတ်ဝေခဲ့ပါသည်။

ဤစာအုပ်တွင် ကမ္ဘာ့ဘာသာကြီးများ၏ အခြေခံယုံကြည်ချက်များနှင့် ဘဝအသက်တာအတွက် သွန်သင်ချက်များ၊ ဘာသာကြီးများ၏ ထူးခြားသော ဝိသေသလက္ခဏာများ၊ ဘာသာတရားကြီးများအကြားနှင့် ဘာသာတစ်ခုအတွင်း ကွဲပြားသော သက်ဝင်ယုံကြည်မှုအကြားတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန် နှီးနော်ဖလှယ်ပြောဆိုခြင်း လမ်းညွှန်မှုများ၊ ဘာသာကြီဂများ၏ ဂိုဏ်းကွဲများနှင့် အယူအဆများ၊ ဘာသာကြီးများ၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွှတ်ရေး တရားတော်များကို ဖတ်ရှုလေ့လာနိုင်ပါသည်။

စာအုပ်အမည်

Walking together : Theological Reflections on the Ecumenical Pilgrimage of Justive and Peace.

စာရေးသူ

သိက္ခာတော်ရ ဆရာဒေါက်တာဗန်ကုန်း

စာအုပ်အကြောင်း

စာအုပ်ကို ၂၀၁၂ ခုနှစ် တွင်ထုတ်ဝေခဲ့သည်။အခန်း(၁) တွင် သမ္မာကျမ်းစာကို ရေးသားခဲ့သည့် သမိုင်းကြောင်း၊ ခရစ်ယာန်သမ္မာ ကျမ်းစာဆိုင်ရာ အကြောင်းအရာများအား ဖော်ပြထားသည်။ အခန်း(၂) တွင် ဘုရား သခင်သည် သူ၏လူများအလယ်တွင် မည်သို့ သူ့ကိုယ်သူ ဖွင့်ပြနေသည်ကို ဆွေးနွေး ထားသည်။ အခန်း (၃) တွင် သခင်ယေရှု၏ သက်တော်စဉ် အကြောင်းဆိုင်ရာ မေးခွန်းများကိုဖြေဆိုထားသည်။ အခန်း (၄) တွင် ကျွနု်ပ်တို့ပတ်ဝန်းကျင်တွင် ဘုရား သခင်၏ ပါဝင်ပတ်သက်မှုကို တင်ပြထားသည်။