MCC

စာအုပ်များနှင့်မိတ်ဆက်ခြင်း

စာအုပ်အမည်

ကွန်စီးလျာမိတ်သဟာယ၊ တူညီသောရူပါရုံသို့ (Conciliar Fellowship, A Common Goal)

စာရေးသူ

Catholicos Aram I Keshishian (မူရင်းစာရေးသူ) ၊ သိက္ခာတော်ရဒေါက်တာဗန်ကုန်း (ဘာသာပြန်သူ)

စာအုပ်အကြောင်း

စာအုပ်ကို ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ယုံကြည်ခြင်းနှင့် ကျင့်သုံးမ၍ကော်မရှင်မှ ထုတ်ဝေခဲ့ပါသည်။

တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၏ မိုဒယ်အဖြစ်ခံယူလာကြသော “ ကွန်စီးလျာမိတ်သဟာယ (Conciliar Fellowship)” သဘောတရားကို ရှင်းလင်းထားပါသည်။ ကွန်စီးလျာမိတ်သဟာယ (Conciliar Fellowship) ၏ အနှစ်သာရသည် ဒေသန္တရအသင်းတော်များ၏ မိတ်သဟာယတွင် အခြေခံထားသည်ကို ရှင်းလင်းတင်ပြထားပါသည်။

ဤစာအုပ်တွင် ပါဝင်သော အကြောင်းအရာများ၊ အချက်အလက်များသည် တစ်လုံးတစ်ဝတည်းဖြစ်ရေးကို ဓမ္မကြောင်းအရ လမ်းညွှန်မှု ပေးထားပါသည်။

စာအုပ်အမည်

ဘာသာကြီးလေးခုဆိုင်ရာ အခြေခံသင်ရိုးညွှန်းတမ်း (အသက် (၁၂-၁၄နှစ်) (အသင်းတော် Sunday School ကလေးများလက်စွဲစာအုပ်)

စာရေးသူ

ဦးတင်မောင်ဝင်း ( B.A, B.Ed, M.Phil (Education)၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန) ၊ ဦးလင်းမြင့် (B.A, B.Ed)၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန)

စာအုပ်အကြောင်း

ဤစာအုပ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ သာသနာပြုရေးနှင့် တစ်လုံးတစ်ဝတည်းဌာနက ထုတ်ပါသည်။ ဘာသာပေါင်းစုံမှ ကလေးငယ်များအတွက် လက်စွဲစာအုပ်ဖြစ်ပါသည်။

ဤစာအုပ်တွင် ဘာသာကြီးလေးခု၏ အခြေခံသိမှတ်စရာများ၊ သမိုင်းနောက်ခံအကျဉ်း၊ တစ်ဘဝလုံးအတွက် လိုက်နာကျင့်သုံးရမည့် ကိုယ်ကျင့်တရားအခြေခံများနှင့် ဇာတ်တော်လာသင်ခန်းစာယူဖွယ်ပုံဝတ္ထုများ တို့ကို လေ့လာဖတ်ရှုနိုင်ပါသည်။ ဓာတ်ပုံများ၊ သရုပ်ဖော်ပုံများ၊ မြေပုံတို့ဖြင့် ရှင်းလင်းဖော်ပြထားပါသည်။

စာအုပ်အမည်

သာဘာတရားများအကြား အပြန်အလှန်နားလည်မှုလမ်းညွှန် (ငြိမ်းချမ်းစွာ တူယှဉ်တွဲနေထိုင်ရေးဆီသို့)

စာရေးသူ

သိက္ခာတော်ရ ဒေါက်တာဦးအေးမင်း ၊ ဘဒ္ဒန္နမေဓာနန္န၊ Ven.Hindu Dharma Acaria B. Ramaesh Kumar (a) ဦး ဆန်းမင်းနိုင် ၊ မုဖ်သီ ဦးစန်းအောင်

စာအုပ်အကြောင်း

စာအုပ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ သာသနာပြုရေးနှင့် တစ်လုံးတစ်ဝတည်းဌာနမှ ထုတ်ဝေခဲ့ပါသည်။

ဤစာအုပ်တွင် ကမ္ဘာ့ဘာသာကြီးများ၏ အခြေခံယုံကြည်ချက်များနှင့် ဘဝအသက်တာအတွက် သွန်သင်ချက်များ၊ ဘာသာကြီးများ၏ ထူးခြားသော ဝိသေသလက္ခဏာများ၊ ဘာသာတရားကြီးများအကြားနှင့် ဘာသာတစ်ခုအတွင်း ကွဲပြားသော သက်ဝင်ယုံကြည်မှုအကြားတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန် နှီးနော်ဖလှယ်ပြောဆိုခြင်း လမ်းညွှန်မှုများ၊ ဘာသာကြီဂများ၏ ဂိုဏ်းကွဲများနှင့် အယူအဆများ၊ ဘာသာကြီးများ၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွှတ်ရေး တရားတော်များကို ဖတ်ရှုလေ့လာနိုင်ပါသည်။