MCC

စာအုပ်များနှင့်မိတ်ဆက်ခြင်း

စာအုပ်အမည်

ခရစ်ယာန် အခြေခံယုံကြည်ချက်များ

စာရေးသူ

သိက္ခာတော်ရ ဆရာဒေါက်တာဗန်ကုန်း

စာအုပ်အကြောင်း

စာအုပ်ကို ၂၀၁၂ ခုနှစ် တွင်ထုတ်ဝေခဲ့သည်။

အခန်း(၁) တွင် သမ္မာကျမ်းစာကို ရေးသားခဲ့သည့် သမိုင်းကြောင်း၊ ခရစ်ယာန်သမ္မာကျမ်းစာဆိုင်ရာ အကြောင်းအရာများအား ဖော်ပြထားသည်။

အခန်း(၂) တွင် ဘုရား သခင်သည် သူ၏လူများအလယ်တွင် မည်သို့ သူ့ကိုယ်သူ ဖွင့်ပြနေသည်ကို ဆွေးနွေး ထားသည်။

အခန်း (၃) တွင် သခင်ယေရှု၏ သက်တော်စဉ် အကြောင်းဆိုင်ရာ မေးခွန်းများကိုဖြေဆိုထားသည်။

အခန်း (၄) တွင် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ဘုရား သခင်၏ ပါဝင်ပတ်သက်မှုကို တင်ပြထားသည်။

အခန်း (၅) တွင် ကနဦး လူသား အပြစ်နှင့် ကျွနု်ပ်တို့၏ အပြစ် မည်သို့ပတ်သက်မှုရှိသနည်းကို ဆွေးနွေးထားသည်။ ဖောင့်စာလုံးများစွာ စမ်းသပ်ကြည့်ရန် အတွက်ဖြစ်သည်

စာအုပ်အမည်

အသင်းတော်ကျောင်းကလေးများ သိမှတ်ဖွယ်ရာ၊ အဖွဲ့ဝင်အသင်းတော်များ၏ အခြေခံယုံကြည်ကျင့်သုံးမှုများနှင့် သမိုင်းကြောင်းများ

စာရေးသူ

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ တစ်လုံးတစ်ဝတည်းဖြစ်ရေး ပညာရေးအစီအစဉ်ဌာနမှ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ နှင့် အဖွဲ့ဝင်အသင်းတော် (၁၃)ပါး အကြောင်းကို စုစည်းပြုစုပါသည်။

စာအုပ်အကြောင်း

စာအုပ်ကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ တစ်လုံတစ်လုံးတစ်ဝတည်းဖြစ်ရေး၊ ပညာရေးအစီအစဉ်ဌာနမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေဖြန့်ချိပါသည်။

စာအုပ်တွင် အဖွဲ့ဝင်အသင်းတော်များ၏ သမိုင်းကြောင်း၊ အခြေခံယုံကြည်ခြင်းနှင့် ကျင့်သုံးမှုများ၊ အမှုဆောင်များ၏အခေါ်အဝေါ် အသုံးအနှုန်းများ၊ ထူးခြားသော ဝိသေသများ၊ ဝတ်ပြုကိုးကွယ်ခြင်းပုံစံ၊ အုပ်ချုပ်ပုံစံ စသည်တို့ကို အသင်းတော်ကျောင်းရှိ ကလေးများ မှန်ကန်စွာ သိရှိနားလည်ရန် ရည်ရွယ်လျက် ဖော်ပြထားပါသည်။