MCC

တစ်လုံးတစ်ဝတည်းဖြစ်ရေး လူငယ်လုပ်ငန်းဌာန

ရည်ရွယ်ချက်များ

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ၏ ရည်ရွယ်ချက်ဖြစ်သော “ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေး အတွက်ရှေ့ရှုလျှက် လူငယ်ကဏ္ဍမှ တစ်လုံးတစ်ဝတည်းဖြစ်ရေး” စိတ်ဓါတ်နှင့် သာသနာပြုရေးရူပါရုံကို ပြုစုပျိုးထောင် မြှင့်တင်သွားရန် ဖြစ်သည်။

လုပ်ငန်းကဏ္ဍများ

  1. အသင်းတော်လူငယ်များ တစ်လုံးတစ်ဝတည်း စိတ်ဓါတ်နှင့် သာသနာ့အမြင် ရင့်ကျက်လာရေး ပညာပေးသင်တန်းများ ပြုလုပ်ခြင်းနှင့် အထောက်အကူပြု စာပေစုဆောင်း ရေးသားထုတ်ဝေခြင်း။
  2. တစ်နိုင်ငံလုံးရှိ အသင်းတော်လူငယ်များ အပြန်အလှန်ထိတွေ့ မိတ်သဟာယဖွဲ့ လက်တွဲဆောင်ရွက်ရန် ကွင်းဆင်းစည်းရုံးလှုံ့ဆော်၍ ဆက်သွယ်ရေးကွန်ယက်များ ဖန်တီးမြှင့်တင်ပေးခြင်း။
  3. လူငယ်အရည်အသွေး၊ ရူပါရုံ၊ စိတ်ဓါတ်၊ မျှော်လင့်ချက်နှင့် ဆက်ကပ်မှုတို့ကို ဖေါ်ထုတ်မြှင့်တင်ပေးခြင်း၊ လူငယ်အတွေ့အကြုံနှင့် ခံစားချက်များ ဝေငှဖလှယ်ခြင်းတို့ဖြင့် တစ်လုံးတစ်ဝတည်းလူငယ် ခေါင်းဆောင်များ မြှင့်တင်ပေးခြင်း။
  4. အသင်းတော်လူငယ်များသည် မိမိတို့၏ဒေသဝန်းကျင် ဥဿုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်စုံပါဝင်နိုင်ရန် တွန်းအားပေးပံ့ပိုးခြင်း။

အစီအစဉ်များ

  1. နိုင်ငံလုံးဆိုင်ရာ တစ်လုံးတစ်ဝတည်းဖြစ်ရေး လူငယ်ခေါင်းဆောင်မှု မြှင့်တင်ရေး သင်တန်း၊
  2. ဒေသန္တရ အသင်းတော်များကောင်စီ လူငယ်များ ကွန်ယက် လက်တွဲဆောင်ရွက်မှုဆွေးနွေးပွဲ၊
  3. ယဉ်ကျေးမှုနည်းဟန်ဖြင့် အသင်းတော်ပေါင်းစုံလူငယ်များ လှည့်လည်သက်သေခံခြင်း၊
  4. အဖွဲ့ဝင်အသင်းတော်များနှင့် ပူးတွဲ ဆောင်ရွက်သည့်သင်တန်း၊
  5. မိတ်သဟာယအစီအစဉ် (ဒေသန္တရအသင်းတော်၊ မိတ်ဖွဲ့အဖွဲ့အစည်းများ)၊
  6. ပြည်သူ့နီတိသင်တန်း၊
  7. ယဉ်ကျေးမှုအလုပ်ရုံဆွေးနွေးပွဲ၊
  8. အသင်းတော် ပေါင်းစုံလူငယ်များ ခရစ္စမတ်အစီအစဉ်၊
  9. တစ်လုံးတစ်ဝတည်းဖြစ်ရေးဆိုင်ရာ အနုပညာပြိုင်ပွဲများ၊
  10. ခရစ်ယာန်လူငယ် အဖွဲ့အစည်းများ/ ဘာသာပေါင်းစုံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်များ၊
  11. ကမ္ဘာ့အသင်းတော်များ ကောင်စီ၊ အာရှခရစ်ယာန် အဖွဲ့ချုပ်တို့၏လူငယ် အစီအစဉ်များတွင် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊
  12. ပုံနှိပ်ထုတ်ဝေရေးနှင့် မှတ်တမ်းပြုစုခြင်း၊

ဆက်သွယ်ရန်

 

 

 

အမှုဆောင်အတွင်းရေးမှူး

စောလုကာ

[email protected]

အစီအစဉ်အတွင်းရေးမှူး

Committee Members