MCC

မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မသိပ္ပံ

မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မသိပ္ပံသည် တစ်လုံးတစ်ဝတည်းသော စိတ်ဓါတ်ပြည့်ဝသည့် ခေါင်းဆောင်များ ပေါ်ထွက်လာရန်နှင့် အသင်း တော်များ အချင်းချင်းအကြား တစ်လုံးတစ်ဝတည်းသော စိတ်ဓါတ်နှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရုံသာမကဘဲ၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကျား/မရေးရာ ညီမျှရေးဆိုင်ရာ ကိစ္စရပ်များကို လူ့အဖွဲ့အစည်း အကျိုး အလို့ငှာ လုပ်ဆောင်နိုင်စွမ်းသော အသိအမြင်များ မြှင့်တင်ပေးသော သာသနာ့ လုပ်ငန်းစဉ်များကို ဖေါ်ထုတ် လုပ်ဆောင်လျှက်ရှိပါသည်။ ထိုသို့ ဖေါ်ထုတ်လုပ် ဆောင်ရာတွင် အဖွဲ့ဝင်အသင်းတော်များ၊ ဒေသန္တရအသင်းတော်ကောင်စီ များကိုအခြေခံကာ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံဓမ္မသိပ္ပံ အုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှုဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ပါသည်။

ရည်ရွယ်ချက်များ

  1. အသင်းတော်ခေါင်းဆောင်များ၊ အသင်းသူ/သားများ အကြား တိုင်းကျိုးပြည်ပြု လုပ်ငန်းများ လုပ်ဆောင်ရာတွင် တစ်လုံးတစ်ဝတည်းသော စိတ်ဓါတ်၏ အရေးပါမှုကို ပိုမိုသိရှိလာစေရန်။
  2. အသင်းတော်များသည် တစ်လုံးတစ်ဝတည်းဖြစ်ရေး သဘောတရားများ ပြည့်ဝသော လူမှုအဖွဲ့အစည်း ဖြစ်လာကြစေရန်။
  3. လူငယ်၊ ကျောင်းသား၊ အမျိုးသမီးများအား တစ်လုံးတစ်ဝတည်းသော စိတ်ဓါတ်ပြည့်ဝသည့် ခေါင်းဆောင်များ ဖြစ်လာစေရန် မြှင့်တင်ပေးရန်။

အစီအစဉ်များ

  1. သာမန်အသင်းသား ခေါင်းဆောင်သင်တန်း၊
  2. လတ်တလောဖြစ်ရပ်များ ဆွေးနွေးပွဲ၊
  3. ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ၊
  4. တစ်လုံးတစ်ဝတည်းဖြစ်ရေး ခေါင်းဆောင်သင်တန်း၊
  5. အားလုံးအတွက် တစ်လုံးတစ်ဝတည်း ဖြစ်ရေးဓမ္မပညာ၊
  6. တစ်လုံးတစ်ဝတည်း ဖြစ်ရေးဆိုင်ရာ မြှင့်တင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  7. စာကြည့်တိုက်။

ဆက်သွယ်ရန်

(+၉၅) ၀၁-၇၅၃၁၅၇၉ ၊ ၀၁-၇၅၃၇၉၅၇

[email protected]@gmail.org, [email protected]

Director (Honorary) 

မိုင်ကေသီမင်းဒင်

09- 795819751

[email protected]

Librarian Cum Associate Director

‌‌‌‌‌‌ဒေါ်သန်းသန်းဝင်း

09-420093384

[email protected]

Committee Members