အဆုံးစွန်ပန်းတိုင်
ကော်မရှင်၏ အန္တိမပန်းတိုင်မှာ၊ မိုးမြေ၌ရှိသမျှသော အဖန်ဆင်းခံတို့ကို ခရစ် တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်စေရန်ဖြစ်ပါသည်။(ဧဖက်၁:၉-၁၀) တစ်နည်း အားဖြင့်ဆိုသော် အရာခပ်သိမ်းတို့အား သုံးပါးတစ်ဆူ ဖြစ်တော်မူသော ထာဝရ ဘုရားသခင်နှင့် ပေါင်းစည်းညီညွှတ်စေရန်ဖြစ်ပါသည်။ ထို့အတူ အသင်းတော်များ၊ ခရစ်ယာန်များသည် လောကကြီးထဲ၌ စည်းလုံးညီညွတ်စွာ အသက်ရှင်သွားရန် ဖြစ်ပါသည်။ ကော်မရှင်၏ဦးတည်ချက်မှာ လောကီသား အပေါင်းတို့သည် သခင် ခရစ်တော်အား ယုံကြည်လက်ခံရန်အတွက် ဖြစ်သည်။
လှုပ်ရှားမှု
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၏ အဓိကလုပ်ငန်းမှာ ကွဲပြားနေပြီဖြစ်သော အသင်းတော်များတစ်လုံး တစ်ဝတည်းဖြစ်ရေးဖြစ်ပါသည်။ ကမ္ဘာ့အသင်းတော်များကောင်စီအပါအဝင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် များ ကော်စီတို့သည်ခရစ်ယာန်များ ဂိုဏ်းဂဏကွဲပြားစေသည့် အခြေခံအကြောင်း အရင်းများထဲတွင် ဗတ္တိဇံမင်္ဂလာ၊ ပွဲတော်မင်္ဂလာ၊ ဓမ္မအမှုဆောင်ခြင်းနှင့် နှီးနွယ် လျှက်ရှိသော ဓမ္မသဘောခံယူချက်များ မတူညီမှုများအပေါ် အဓိကထား၍ကွဲပြား သည်ဟုယေဘုယအားဖြင့် လက်ခံထားပါသည်။ ထို့ကြောင့် ကော်မရှင်သည် ဗ၊ပွဲ၊မှု (၁၉၈၂ လီးမားစာတမ်း)အပြင်၊ အခြားအသင်းတော်များ တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအား အထောက်အကူပြုသည့် အောက်ပါစာတမ်းများကို ကျွနု်ပ်တို့ ရေခံမြေခံနှင့် ကိုက်ညီအောင် နှစ်စဉ်လေ့လာခဲ့ကြပါသည်။
- ဗတ္တိဇံမင်္ဂလာ၊ ပွဲတော်မင်္ဂလာ၊ အမှုဆောင်ခြင်း၊
- တမန်တော်တို့၏ယုံကြည်ချက်၊
- နိစိန်ယုံကြည်ချက်၊
- တစ်လုံးတစ်ဝတည်းဆိုင်ရာ ဓမ္မအဓိပ္ပါယ်ဖွင့်ခြင်း၊
- တစ်လုံးတစ်ဝတည်းဖြစ်ခြင်း (Ut Unum Sint) ကတ်သလစ်အမြင်၊
- အသင်းတော်၏ သဘောသဘာဝနှင့် သာသနာ၊
- စစ်မှန်သော အသင်းတော်ဖြစ်ရေး၊
- တစ်လုံးတစ်ဝတည်းဆိုင်ရာဆုတောင်းရာ ရက်အဌပတ်၊