MCC

ဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန

ရည်ရွယ်ချက်များ

  1. ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွင် လုပ်ဆောင်နေသူများကို အရည်အသွေးမြှင့်တင်ပေးခြင်းအားဖြင့် ထိုသူတို့၏အသိအမြင်၊ သဘောထားနှင့် လုပ်နိုင်စွမ်းများ တိုးတက်မြင့်မားလာပြီး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရည်ရွယ်ချက် တူညီသည့်အင်အားစုများနှင့် ပူးပေါင်းကာနည်းလမ်းသစ်များ၊ တာဝန်ခံမှုများဖြင့် အောင်မြင်စွာ လုပ်ဆောင်လာနိုင်ရန်။
  2. မခသကနှင့် နီးကပ်စွာ ပူးပေါင်းလက်တွဲ လုပ်ဆောင်နေသည့် (သို့) တွဲဘက်လုပ်ဆောင်နေသည့်ရပ်ရွာများ၊ အဖွဲ့အစည်းများနှင့် ဌာနများ ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့ပြီး အမှီအခိုကင်းသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်လာစေရန်။
  3. လူထုပူးပေါင်းပါဝင်သော သဘာဝဘေးအန္တရာယ်များကို တုန့်ပြန်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများတွင် ရပ်ရွာစည်းလုံးညီညွတ်ရေးကို အထောက်အကူပြုလာစေရန်။
  4. သက်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်သားများ၏ စီမံခန့်ခွဲမှုမြင့်မားလာပြီး ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိမှသာ လုပ်ဆောင်မှုများဖြင့် စီမံကိန်းများနှင့် အစီအစဉ်များကို လုပ်ဆောင် လာနိုင်ကြစေရန်။

အစီအစဉ်များ

  1. လူထုကိုယ်တိုင် ပါဝင်လေ့လာ သင်ယူပြီး လုပ်ဆောင်ခြင်း၊
  2. လူထုအခြေပြု ဖွံ့ဖြိုးရေး နည်းပြသင်တန်း၊
  3. ဖွံ့ဖြိုးရေးလုပ်သားများ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း၊
  4. ရေရှည်ခံ စိုက်ပျိုး မွေးမြူရေးသင်တန်း၊
  5. ကြီးကြပ်ခြင်းနှင့် သုံးသပ်ခြင်းသင်တန်း၊
  6. လက်ရှိ စိန်ခေါ်ချက်များဆိုင်ရာ ဆွေးနွေးပွဲ၊
  7. ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာဆွေးနွေးပွဲ၊
  8. ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲ၊
  9. ဖွံ့ဖြိုးရေး ကွင်းဆင်းလေ့လာရေးခရီးစဉ်၊
  10. အခြား အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်ခြင်း၊
  11. လူထုရှေ့ဆောင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်း၊
  12. ရေကောင်းရေသန့် ရရှိရေးအတွက် ပံ့ပိုးပေးခြင်း၊
  13. အသိပညာပေး စာစောင်များ ထုတ်ဝေခြင်းအတွက် ပံ့ပိုးခြင်း၊
  14. သဘာဝဘေးအန္တရာယ် လျှော့ချရေးသင်တန်း၊
  15. ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အခမ်းအနား၊
  16. အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊
  17. သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကိုပံ့ပိုးခြင်း၊
  18. လုပ်ငန်းကြီးကြပ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊

ဆက်သွယ်ရန်

 

 

အမှုဆောင်အတွင်းရေးမှူး

စောဖြိုးမောင်မောင်မြ

[email protected]

 

အစီအစဉ်အတွင်းရေးမှူး

နော်နှင်းပွင့်ဖြူ

[email protected]

Committee Members

WordPress Tables Plugin