MCC

အသင်းတော်ကျောင်းကလေးများသိမှတ်ဖွယ်ရာ၊ အဖွဲ့ဝင်အသင်းတော်များ၏ အခြေခံယုံကည်ကျင့်သုံးမှုများနှင့်သမိုင်းကြောင်းများ

စာအုပ်ကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ တစ်လုံတစ်လုံးတစ်ဝတည်းဖြစ်ရေး၊ ပညာရေးအစီအစဉ်ဌာနမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေဖြန့်ချိပါသည်။

စာအုပ်တွင် အဖွဲ့ဝင်အသင်းတော်များ၏ သမိုင်းကြောင်း၊ အခြေခံယုံကြည်ခြင်းနှင့် ကျင့်သုံးမှုများ၊ အမှုဆောင်များ၏အခေါ်အဝေါ် အသုံးအနှုန်းများ၊ ထူးခြားသော ဝိသေသများ၊ ဝတ်ပြုကိုးကွယ်ခြင်းပုံစံ၊ အုပ်ချုပ်ပုံစံ စသည်တို့ကို အသင်းတော်ကျောင်းရှိ ကလေးများ မှန်ကန်စွာ သိရှိနားလည်ရန် ရည်ရွယ်လျက် ဖော်ပြထားပါသည်။