မခသက တွဲဖက်အထွေထွေအတွင်းရေးမှူးက တက်ရောက်သော ကိုယ်စားလှယ်စာရင်းကို ဖတ်ကြားတင်ပြပါ သည်။
အဖွဲ့၀င်အသင်းတော် (၁၃) ပါးရှိသည့်အနက် အသင်းတော် (၁၃) ပါးလုံး တက်ရောက်ပါသည်။
မဲပေးပိုင်ခွင့် ရှိသူ (၁၂၉) ဦးအနက် လူပုဂ္ဂိုလ်ကိုယ်တိုင်နှင့် Visual အပါအဝင် စုစုပေါင်း (၁၁၂) ဦး တက်ရောက် ပါသည်။
ပူးပေါင်းဆက်သွယ်သောအဖွဲ့ (၁၄) ဖွဲ့ရှိသည့်အနက် (၁၄) ဖွဲ့တက်ရောက်လာပြီး ဒေသန္တရ အသင်းတော်များကောင်စီ (၄၉) ပါးရှိသည့်အနက် (၁၂) ပါး တက်ရောက်လာပြီး တိုးချဲ့ (၁၄) ဦး မှ (၁၀) ဦး တက်ရောက်ပြီး လေ့လာသူအဖြစ် (၁၀) ဦး တက်ရောက်ပါသည်။
မခသက၏ ဌာနအသီးသီမှ သဘာပတိများအားလုံး တက်ရောက်ပါသောကြောင့် (၉၀) ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကြီး အထမြောက်ကြောင်း ဥက္ကဋ္ဌ မှ ကြေညာပါသည်။