MCC

“ဝမ်းနည်းကြောင်း သဝဏ်လွှာ”

ကျွန်ုပ်တို့၏ ချစ်လှစွာသော လုပ်ဖော်ဆောင်ဖက်ဖြစ်သူ ဆရာကြီး Rev. Dr. Ngurliana၊ အသက် (၆၁) နှစ်သည် ခရစ်တော်၌ အိပ်ပျော်သွားပါကြောင်းကို ကြားသိရသောကြောင့် ကျန်ရစ်သူ မိသားစု၊ လုပ်ဖော်ဆောင်ဖက်များနှင့် ထပ်တူ ခံစားရပါသည်။
ဆရာကြီးသည် မိခင်အသင်းတော်ကြီး၏ တာဝန်များအပြင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၏ တစ်လုံးတစ်ဝတည်းဖြစ်ရေး လုပ်ငန်းများ နှင့် Christian Conference of Asia (CCA-Chiang Mai) ၏ သာသနာ့ လုပ်ငန်းများတွင် ပါဝင်ပေးဆပ်၊ ဆက်ကပ် လုပ်ဆောင်ခဲ့သူဖြစ်ပါသောကြောင့် ယခုလို ရုတ်တရက် ခွဲခွာရခြင်းအတွက် အစားထိုးနိုင်ခြင်းမရှိ ဆုံးရှုံးခြင်းအတိဖြင့် လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်းကို ဖော်ပြလိုပါသည်။
ဝမ်းနည်းကြေကွဲလျက်ရှိသော ကျန်ရစ်သူ မိသားစုနှင့် လုပ်ဖော်ဆောင်ဖက်များအပေါ်သို့ ဘုရားသခင်၏ ငြိမ်သက်ခြင်း၊ နှစ်သိမ့်ခြင်း နှင့် ကောင်းကြီးမင်္ဂလာကြွယ်ဝစွာ သက်ရောက်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Condolence Letter for Rev. Dr. Ngurliana