၉၀ ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေးကြီး (BGM) – ဒုတိယနေ့ နံနက်ဝတ်ပြုခြင်းနှင့် သမ္မာကျမ်းစာလေ့လာခြင်း
နေ့စွဲ: ၁၄ မေ၊ ၂၀၂၆ (ကြာသာပတေးနေ့)
အချိန်: နံနက် ၉:၀၀ – ၁၀:၃၀
ရန်ကုန်၊ မေ ၁၄၊ ၂၀၂၆ – ၉၀ ကြိမ်မြောက် ဘိုင်နီယယ် ဂျင်နရယ် မီတင်း၏ ဒုတိယနေ့အစီအစဉ်အဖြစ် နံနက်ဝတ်ပြုခြင်းနှင့် သမ္မာကျမ်းစာလေ့လာခြင်းကို နံနက် ၉:၀၀ မှ ၁၀:၃၀ အထိ ကျင်းပခဲ့သည်။
ဤဝတ်ပြုခြင်းအစီအစဉ်ကို ဆရာမ မိုင်ကေသီမင်းဒင် ဦးဆောင်ခဲ့ပြီး ဆက်ကပ်ဆုတောင်းခြင်းကို ပခုက္ကူ ခရစ်ယာန်အသင်းတော်များကောင်စီ မှ သိက္ခာတော်ရ ဆရာ ငြိမ်းချမ်းထွန်း မှာ ပြုလုပ်ခဲ့သည်။ သမ္မာကျမ်းစာလေ့လာခြင်း ကို Rev. Dr. Edward Jarvis ဦးဆောင်ခဲ့သည်။
အလှူတော်ငွေကောက်ခံစဉ် တွင် ဆရာမ မိုင်ကြည်ကြည်ဝင်း နှင့် ဆရာမ မီမီစန်း တို့မှ ဂုဏ်တော်ချီးမွမ်းခဲ့ပြီး အလှူတော်ငွေဆက်ကပ်ခြင်း ကို SSKBMS မှ သိက္ခာတော်ရ ဆရာမ ထူးထူးဖော မှာ ဦးဆောင်ခဲ့သည်။
နောက်ဆုံးတွင် ဓမ္မသီချင်းအမှတ်စဉ် (၂၆) “ကျောက်မြဲကျူး” ကို အတူတကွ ချီးမွမ်းဧကျူးကြပြီး ပြင်ဦးလွင် ခရစ်ယာန်အသင်းတော်များကောင်စီ မှ ဘုန်းတော်ကြီး လက်ခိုဆပ် ၏ ကောင်းကြီးပေးခြင်း ဖြင့် အစီအစဉ်ကို အဆုံးသတ်ခဲ့သည်။