MCC

တတိယနေ့ – အလုပ်အစည်းအဝေး

အလုပ်အစည်းအဝေး
အလုပ်အစည်းအဝေးပထမပိုင်းကို ဆရာမနန်းသူဇာ (ဒုတိယ ဥက္ကဋ္ဌ၊ မခသက) မှ သဘာပတိအဖြစ် လုပ်ဆောင်ခဲ့ပြီး (၁၃) ဘဏ္ဍာနှင့်ပစ္စည်းရေးရာ ကော်မတီအစီရင်ခံစာကိုလည်းကောင်း၊ ယမန်နေ့က မပြီးပြတ်ခဲ့သည့် (၁၁) ပြည်သူ့ဆက်ဆံရေးကော်မတီအစီရင်ခံစာ ကိုလည်းကောင်း၊  အပြန်အလှန်ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုနောက် သိက္ခာတော်ရဆရာမဒေါ်မြစန္ဒာ ဆုတောင်းခြင်းဖြင့် အလုပ်အစည်းအဝေးပထမပိုင်းကို ရုပ်သိမ်း၍ နေ့လည်စာ သုံးဆောင်ကြပါသည်။
အလုပ်အစည်းအဝေး ဒုတိယပိုင်းကို ဆက်လက်လုပ်ဆောင်ကြရာ သဘာပတိအဖြစ် သိက္ခာတော်ရဆရာမ ဒေါ်မြစန္ဒာမှာ ပြုလုပ်ပြီး ဆရာမမိုင်ကေသီမင်းဒင်မှ လုပ်ငန်းဌာနများ၊ ကော်မတီ/ကော်မရှင်များ၏ အစီရင်ခံစာများဖြစ်သော (၁၄) လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအနှစ်ချုပ်၊ (၁၅) တစ်လုံးတစ်ဝတည်းဖြစ်ရေးပညာရေးအစီအစဉ်ဌာန အစီရင်ခံစာ၊ (၁၆) တစ်လုံးတစ်ဝတည်းဖြစ်ရေး သာသနာပြုရေးအစီအစဉ်ဌာနအစီရင်ခံစာ၊ (၁၇) ဝန်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးအစီ အစဉ်ဌာန အစီရင်ခံစာ၊ (၁၈)လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးရေးအစီအစဉ် ဌာနအစီရင်ခံစာ၊ (၁၉)တစ်လုံးတစ်ဝတည်းဖြစ်ရေးအမျိုးသမီးလုပ်ငန်းအစီရင်ခံစာ၊ (၂၀)တစ်လုံးတစ်ဝတည်းဖြစ်ရေး လူငယ်လုပ်ငန်းအစီ ရင်ခံစာ၊ (၂၁)ယုံကြည်ခြင်းနှင့်ကျင့်သုံးမှုကော်မရှင်အစီရင်ခံစာ၊ (၂၂)မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မသိပ္ပံကော်မတီ အစီရင်ခံစာ၊ (၂၃)မြို့ပြကျေးလက်သာသနာပြုကော်မတီ အစီရင်ခံစာတို့ကို တင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်တော်များမှ ဝိုင်းဝန်းဆွေးနွေးကာ အဆိုပြုခြင်း၊ ထောက်ခံခြင်းများနှင့်အတူ အားလုံး လက်ယာလက်ပြကာ သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။
သိက္ခာတော်ရဆရာဒေါက်တာဗန်ကုန်းမှ တစ်လုံးတစ်ဝတည်းဖြစ်ရေးစဉ်းစားပုံစဉ်းစားနည်း အကြောင်းကို တင်ပြခဲ့ပါသည်။
ဆရာမလေးဒီယာ (မြန်မာနိုင်ငံလီဆူခရစ်ယာန်အသင်းတော်) ၏ ဆက်ကပ်ဆုတောင်းကောင်းကြီးပေးခြင်းဖြင့် တစ်ရက်တာ အလုပ်အစည်းအဝေးအစီအစဉ်အား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။