MCC

တတိယနေ့ | နံနက်ဝတ်ပြုခြင်းနှင့် သမ္မာကျမ်းစာလေ့လာခြင်း

၁၅.၅.၂၀၂၆ (သောကြာနေ့) ၏ နံနက်ဝတ်ပြုခြင်းနှင့် သမ္မာကျမ်းစာလေ့လာခြင်း ကို နံနက် ၉း၀၀ – ၁ဝး၀၀ – ၁၀း၃၀ နာရီတွင် ပြုလုပ်ပြီး သဘာပတိအဖြစ် ဆရာမ ရှီးဝူမီး (မြန်မာနိုင်ငံ လီဆူခရစ်ယာန် အသင်းတော်) ပြုလုပ်ကာ ဘုန်းတော်ကြီး ဂျော့ချ်ကျော်ဘိုဘိုဟန် (ပြည်ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်များအဖွဲ့) ၏ ဆက်ကပ်ဆုတောင်းခြင်းဖြင့် စတင်ခဲ့ပါသည်။ ထို့နောက် သိက္ခာတော်ရဆရာမ ဒေါက်တာခင်ဆွေဦးမှ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်အား ပြည်တော်ကို အေးချမ်းသာယာငြိမ်းချမ်းစေဖို့ ပြုလုပ်ရမည့်အချက် (၄) ချက်ဖြစ်သည့် (၁) နှိမ့်ချပါ၊ (၂) ဆုတောင်းပါ၊ (၃) မျက်နှာတော်ကိုရှာဖွေပါ။ (၄) အဓမ္မလမ်းကိုလွှဲရှောင်ပါ ဆိုသည်အချက်များကို ဝေမျှခဲ့ပါသည်။ အလှူတော်ငွေကောက်ခံစဉ် ဆရာမ မိုင်ကြည်ကြည်ဝင်း နှင့် ဆရာစောလုကာ တို့မှ ဂုဏ်တော်ချီးမွမ်းခဲ့ပြီး သိက္ခာတော်ရ ဆရာ ပီတာအေး (ပဲခူး ခရစ်ယာန်အသင်းတော်များကောင်စီ) မှ အလှူတော်ငွေ ဆက်ကပ်ခဲ့ပါသည်။ ထို့နောက် ကယ်တင်ရှင် သိုးထိန်းလိုလမ်းပြကျူးကို အတူတကွ ချီးမွမ်းကျူးဧကြပြီး သိက္ခာတော်ရ ဆရာ ဆိုင်မွန်ထောင်မှုန် ( မန္တလေး ခရစ်ယာန်အသင်းတော်များကောင်စီ ) ၏ ကောင်းကြီးပေးခြင်းဖြင့် အစီအစဉ်ကို အဆုံးသတ်ခဲ့ပါသည်။