MCC

၉၀ ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေး – စတုတ္ထနေ့ – အလုပ်အစည်းအဝေး

အလုပ်အစည်းအဝေး
အလုပ်အစည်းအဝေးပထမပိုင်းကို သိက္ခာတော်ရဆရာမ ဒေါ်မြစန္ဒာ (ဒုတိယဥက္ကဋ္ဌ၊ မခသက) မှ သဘာပတိအဖြစ် လုပ်ဆောင်ခဲ့ပြီး (၂၄) အဖွဲ့ဝင်အသင်းတော်များ၏ ပြန်ကြားစာများ၊ (၂၅) ပူးပေါင်းဆက်သွယ်သောအဖွဲ့များ၏ ပြန်ကြားစာများ (၂၆) ဒေသန္တရအသင်းတော်ကောင်စီများ၏ ပြန်ကြားစာများကို အပြန်အလှန်ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုနောက် သိက္ခာတော်ရဆရာဒေါက်တာဗန်ကုန်းမှ ဆုတောင်းခြင်းဖြင့် အလုပ်အစည်းအဝေးပထမပိုင်းကို ရုပ်သိမ်း၍ နေ့လည်စာ သုံးဆောင်ကြပါသည်။ ဆရာမငုဝါလင်း ဆုတောင်းခြင်းဖြင့် ပြန်လည်လုပ်ဆောင်ကြရာ (၂၇) ဒေသန္တရအသင်းတော်များကောင်စီဆိုင်ရာ အလုပ်ရုံဆွေး‌နွေးခြင်းများကို ဆက်လက်လုပ်ဆောင်ကြပါသည်။
အလုပ်အစည်းအဝေး ဒုတိယပိုင်းကို သဘာပတိအဖြစ် သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦး (ဥက္ကဋ္ဌ၊ မခသက)မှာ ပြုလုပ်ပြီး (၂၈) ၂၆-၂၀၂၈ ကောင်စီသက်တမ်း၊ ဗဟိုကော်မတီဝင် တိုးချဲ့အဖွဲ့ဝင်  (၄)ဦး နှင့် အမှုဆောင်အဖွဲ့(၅)ဦးများကို တင်ပြခြင်း နှင့် အတည်ပြုခြင်းကိုလည်းကောင်း တင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်တော်များမှ အဆိုပြုခြင်း၊ ထောက်ခံခြင်းများနှင့်အတူ အားလုံး လက်ယာလက်ပြကာ သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ အဖွဲ့ဝင်အသင်းတော်သစ် (၂) ပါးဖြစ်သော (၁) ဧဝံဂေလိမက်သဒစ်အသင်းတော်၊ မြန်မာပြည် နှင့် (၂) မြန်မာနိုင်ငံ ဇိုမီးနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကိုလည်းကောင်း၊ ပူးပေါင်းဆက်သွယ်သောအဖွဲ့သစ်အဖြစ် (CBN-Christian Broadcasting Network) ကိုလည်းကောင်း အားလုံးသဘောတူလက်ခံခဲ့ကြပါသည်။
လျာထားရေးကော်မတီ သဘာပတိ သိက္ခာတော်ရဒေါက်တာဗန်ကုန်းမှ   ၂၀၂၆-၂၀၂၈ ကောင်စီသက်တမ်း၊ မခသက ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ များ ရွေးကောက်တင်မြောက်ခြင်းကို ဦးဆောင်ခဲ့ရာ အောက်ပါအတိုင်း ဆန္ဒမဲပေးကာ ရွေးချယ်တင်မြောက်ခဲ့ကြပါသည်။
(၁) သာသနာပိုင်ချုပ်ကြီးစတီဗင်သန်းမြင့်ဦး ၊ ဥက္ကဋ္ဌ
(မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်))
(၂) ဂိုဏ်းချုပ်ဆရာတော်ကြီး ဒေါက်တာဦးမြတ်ဆန်း၊  ဒုတိယ ဥက္ကဋ္ဌ 
ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)
(၃) သိက္ခာတော်ရဆရာမ ဒေါ်မြစန္ဒာ ၊ ဒုတိယ ဥက္ကဋ္ဌ
(မက်သဒစ်အသင်းတော် (အထက်မြန်မာပြည်))
(၄) ဆရာမ နန်းသူဇာမွန် ၊ ဒုတိယ ဥက္ကဋ္ဌ
( မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်)
(၅) မေဂျာလားလ်ဗျက်ဒီကာ ၊ ဒုတိယ ဥက္ကဋ္ဌ 
(ကယ်တင်ခြင်းတပ်အသင်းတော်)
ဆက်လက်၍ (၃၀) ၂၀၂၆-၂၀၂၈ ကောင်စီသက်တမ်း၊ မခသက အထွေထွေအတွင်းရေးမှူး အသစ် ရွေးချယ်ခန့်ထားခြင်းပြုလုပ်ရာ သိက္ခာတော်ရဆရာဦးတေဇဝင်း (ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်))အားလည်းကောင်း၊ (၃၁) မခသက တွဲဖက်အထွေထွေအတွင်းရေးမှူးအသစ် ရွေးချယ်ခန့်ထားခြင်းပြုလုပ်ရာ ဆရာမနန့်ဘက်ဒီထူး (မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်) အားလည်းကောင်း အားလုံးသဘောတူ အတည်ပြု ရွေးချယ်တင်မြောက်ခဲ့ကြပါသည်။ ထို့နောက် (၃၂) မခသက (၉၀)ကြိမ်‌မြောက် သင်းလုံးကျွတ်အစည်းအဝေးကြီးကို အိမ်ရှင်အဖြစ်လက်ခံပေးသော  မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်)အား  ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ခြင်းအဖြစ် ဆရာမနန်းသူဇာမွန်မှ အမှတ်တရ ဂုဏ်ပြုမှတ်တမ်းပေးအပ်ရာ ကင်နွန်ဒေါက်တာဒေါ်ယဉ်ယဉ်မော်မှ လက်ခံခဲ့ပါသည်။
(၃၄) မခသက ဥက္ကဋ္ဌသစ် မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်းကို သာသနာပိုင်ချုပ်ကြီးစတီဗင်သန်းမြင့်ဦး (မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အဂ်လီကန်)) မှလည်းကောင်း၊ (၃၅) မခသက အထွေထွေအတွင်းရေးမှူး အသစ်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်းကို သိက္ခာတော်ရဆရာဦးတေဇဝင်း(ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်))မှလည်းကောင်း၊ (၃၆) မခသက အထွေထွေအတွင်းရေးမှူး မှ ကျေးဇူးတင်စကားပြောကြားခြင်းကို သိက္ခာတော်ရဆရာမန်းပါမာစတန်မှလည်းကောင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် သိက္ခာတော်ရဆရာမ ဒေါမြစန္ဒာမှ သက်တမ်းပြည့်သွားပြီဖြစ်တဲ့ အထွေအထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့အား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆရာမမိုင်ကေသီမင်းဒင်မှလည်း ကျေးဇူးတင်နှုတ်ဆက်စကားပြောပြီးနောက် မေတ္တာစက်ဝိုင်းသီချင်းအား တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အတူတကွ သီဆိုခဲ့ကြပါသည်။
(၃၇) မခသက (၉၀)ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေးကြီး အောင်မြင်စွာ ပြီးဆုံးခြင်းအတွက် ဆုတောင်းကောင်းကြီးပေးခြင်းကို သာသနာပိုင်ကလေမင်ဆန်းဦးမှာ ဆုတောင်းကောင်းကြီးပေးကာ ရုတ်သိမ်းခဲ့ပါသည်။