The Mission and Ecumenism Department of the Myanmar Council of Churches successfully organized a month-long Interfaith Dialogue Training Course, Batch 4, which took place online from July 7 to July 31, 2025. We had thirty participants from various loca including Tachileik, Kalay, Taunggyi, Pyi, Taungoo, Bago, Hpa-An, Mawlamyine, Mindone, Pakokku, Magway, Minhla, and Yangon. This program is dedicated to promoting peaceful coexistence among different religions in Myanmar. The objective of this initiative is for participants to share their month-long learning experiences within their respective communities, leading to a Multiplication program. Consequently, this will benefit the community by fostering harmony and peace among individuals of diverse faiths in Myanmar. Throughout this month-long training course, the following subjects were taught by well-known resource persons as follows-
မြန်မာနိုင်ငံအသင်းတော်များကောင်စီ, တစ်လုံးတဝတည်းဖြစ်ရေး သာသနာပြုရေးဌါနသည် တစ်လကြာ ဘာသာပေါင်းစုံ ဆွေးနွေးပွဲသင်တန်း Batch 4 ကို ဇူလိုင် ၇ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အွန်လိုင်းမှ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ တာချီလိတ်၊ ကလေး၊ တောင်ကြီး၊ ပြည်၊ တောင်ငူ၊ ပဲခူး၊ မင်းလှ, မင်းတုန်း, မကွေး၊ ဘားအံ, မော်လမြိုင်, ပခုက္ကူ, မကွေး၊ ရန်ကုန် မှ သင်တန်းတက် ရောက်သူ ၃၀ ရှိပါသည်။
ဤအစီအစဉ်သည် မြန်မာနိုင်ငံရှိ မတူညီသော ဘာသာတရားများကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး (Peaceful coexistence among different religions) ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ဤသင်တန်း ရည်ရွယ်ချက်တစ်ခုမှာ သင်တန်းသားများအား ၎င်းတို့၏ သက်ဆိုင်ရာအသိုင်းအဝိုင်း (Community)အတွင်း ၎င်းတို့၏ တစ်လကြာသင်ယူမှုအတွေ့အကြုံများကို မျှဝေရန်ဖြစ်ပြီး ဆင့်ပွား အစီအစဥ် (Multiplication program) ကိုလည်း ပြုလုပ်ရန် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ မတူကွဲပြားသော ဘာသာများအကြား သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးခြင်းဖြင့် လူမှုအသိုက်အဝန်းကို အကျိုးပြုမည်ဖြစ်ပါသည်။ ယခုလကြာ သင်တန်းကာလတစ်တွင် အောက်ပါဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။
