MCC

တစ်လုံးတစ်ဝတည်းဆုတောင်းခြင်းအစီအစဉ်

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၏ တစ်လုံးတစ်ဝတည်းဆုတောင်းခြင်းအစီအစဉ်ကို နိုဝင်ဘာလ (၆) ရက် နေ့လည် (၁-၃)နာရီအထိ အသင်းတော်များ အတူတကွ တွေ့ဆုံ ဆုတောင်းခြင်းနှင့်အတူ COVID-19 ကာလအတွင်း ဘုန်းတော်ဝင်စားသွားသော အသင်းတော်အသီးသီး၏ သာသနာ့ခေါင်းဆောင်များအား သတိရဂုဏ်ပြုခြင်းနှင့် ကျန်ရစ်ခဲ့သော မိသားစု၏ အသင်းတော်များအတွက် ဆုတောင်းပေးခြင်း စသည့် အစီအစဉ်များကို ZOOM မှ တဆင့် အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။
အစီအစဉ်အတွင်း ဦးဆောင်ပေးခဲ့သော အသင်းတော်အသီးသီးမှ ခေါင်းဆောင်များနှင့် ပါဝင်ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
နောက်နောင် ဖိတ်ခေါ်သော အစီအစဉ်များတွင် ပိုမိုပါဝင်လာနိုင်ရန် လက်ဆင့်ကမ်း ဖိတ်ခေါ် နှိုးဆော်ပေးပါဟု ပန်ကြားအပ်ပါသည်။