MCC

သခင်ခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့ (Easter Sunday) အတွက် အာရုံပြု အထူးဝတ်ပြုကိုးကွယ်ဆုတောင်းရန် တိုက်တွန်းနှိုးဆော်ခြင်း

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ၏ တိုက်တွန်းနှိုးဆော်ချက်
နေ့စွဲ ။ ။ ၂၃ ရက်၊ မတ် လ၊ ၂၀၂၁ ခုနှစ်။
ခရစ်တော်၏ချစ်ခြင်းမေတ္တာ၌ ခရစ်ယာန်မိသားစုများသို့

(၂၈)ရက် မတ်လ ၂၀၂၁ခုနှစ် တွင် ကျရောက်သော သံလွင်ခက်တနင်္ဂနွေနေ့ နှင့် (၄)ရက် ဧပြီလ ၂၀၂၁ခုနှစ် တွင် ကျရောက်သော သခင်ခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့ ကို အာရုံပြုလျက် ခရစ်ယာန် မိသားစုများမှ (၂၄) ရက် မတ်လ ၂၀၂၁ ခုနှစ် မှ စ၍ (၄) ရက် ဧပြီလ ၂၀၂၁ ခုနှစ် သခင်ခရစ်တော် ရှင်ပြန်ထမြောက်ရာနေ့တိုင်အောင် နေ့စဉ် နံနက် (၆းဝ၀) နာရီ၊ မွန်းတည့် (၁၂းဝ၀) နာရီ၊ ညနေ (၆းဝ၀) နာရီ အချိန်များတွင် မိသားစုအလိုက် ဝတ်ပြုကိုးကွယ် ဆုတောင်းခြင်း (၃) ကြိမ် ပြုလုပ်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ရည်ရွယ်ချက်မှာ

(၁) မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေရန်။
(၂) ထာဝရဘုရားသခင်၏ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးတွင်လည်း ပြည့်စုံစေရန် အတူတကွ ဝတ်ပြုကိုးကွယ် ဆုတောင်း ကြခြင်း ဖြစ်ပါသည်။

အထူးစုပေါင်းဝတ်ပြုကိုးကွယ်ခြင်းသို့ ဖိတ်ကြားခြင်း
(၁) သံလွင်ခက်တနင်္ဂနွေနေ့၊ ညနေ (၆းဝ၀) နာရီ (၂၈ ရက် မတ်လ ၂၀၂၁ ခုနှစ်)
Zoom ID : 944 3277 5339
PW : 244572
(၂) သခင်ခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့၊ နံနက် (၅း၃၀) နာရီ (၄ ရက် ဧပြီလ ၂၀၂၁ ခုနှစ်)
Zoom ID : 917 6336 0327
PW : 985204

မှတ်ချက်။ ။ MCC FB Page မှလည်း Live ထုတ်လွှင့်ပါမည်။

တစ်လုံးတစ်ဝတည်းအမှုတော်မြတ်၌၊

မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ် (CBCM)
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ (MCC)
မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA)
မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ချုပ် (MCMC)

Pdf:
