MCC

ကမ္ဘာ့အသင်းတော်များကောင်စီ (WCC) နှင့် အာရှခရစ်ယာန် ကွန်ဖရင့် (CCA) ၏ ရပ်တည်ချက် (မတ်လ ၄ ရက် ၂၀၂၁)

  • ကမ္ဘာ့အသင်းတော်များကောင်စီ (WCC) သည် ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့ပြီး ဂျနီဗာမြို့တွင် ရုံးစိုက်သည် အဖွဲ့ဝင်အသင်းတော် (၁၄၇) ပါးနှင့် စတင်ခဲ့ပြီး ယခုတွင် (၃၅၀) ရှိပြီ ဖြစ်သည်။ ဥရောပ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ သြစတြေးလျ၊ အမေရိက စသည့် ဒေသရှိ နိုင်ငံပေါင်း (၁၁၀) ကျော် မှ အသင်းတော်များပါဝင်ပါသည်။
    ကမ္ဘာ့အသင်းတော်များကောင်စီသည် သခင်ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း နှင့် ကယ်တင်ရှင်ဖြစ်ကြောင်းကို ဝန်ခံလျက် အသင်းတော်များ မိတ်သဟာရပြုခြင်းနှင့် စည်းလုံး ညီညွတ်ရေးကို လုပ်ဆောင်လျက်ရှိသည်။ (https://www.oikoumene.org)
  • အာရှခရစ်ယာန် ကွန်ဖရင့်သည် ၁၉၅၇ ခုနှစ် ပရာပတ်၊ အင်ဒိုနီးရှား တွင် စတင်သည်။ ယခုတွင် အဖွဲ့ဝင်များအဖြင့် အသင်းတော်ကောင်စီ (၁၇) ပါး၊ အသင်းတော် (၁၀၃) ပါး ပါဝင်လျက်ရှိသည်။ အာရှခရစ်ယာန် ကွန်ဖရင့်သည် အာရှတိုက်ရှိ အသင်းတော်များ စည်းလုံးညီညွှတ်ရေး နှင့် ပူးတွဲ သာသနာပြုခြင်း၊ စုပေါင်း ဝတ်ပြုကိုးကွယ်ခြင်း၊ ဓမ္မအတွေးအခေါ်များ ဝေမျှခြင်းတို့ကို လုပ်ဆောင်လျှက် ရှိပါသည်။ (https://www.cca.org)

မြန်မာနိုင်ငံခရစ်ယန်အသင်းတော်များကောင်စီ (MCC) သည် WCC နှင့် CCA တွင် အဖွဲ့ဝင်ဖြစ်ပါသည်။ ယခုတွင် မြန်မာပြည်သူ၊ ပြည်သားများအတွက် WCC နှင့် CCA တို့၏ ပူးတွဲ ထုတ်ပြန်ကြေငြာချက်နှင့် အားပေးခြင်း၊ ဆုတောင်းမေတ္တာ ပို့သခြင်းများကို ဖတ်ရှုနိုင်ရန် ဝေမျှတင်ပြအပ်ပါသည်။

Communion of Churches in Indonesia (CCI) သည် အာရှခရစ်ယာန် ကွန်ဖရင့် ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်မှတဆင့် CCI သည် မြန်မာပြည်နှင့် ထပ်တူညီညွတ်လျက်၊ ခံစားလျက် အားပေးစာစကား ပေးပို့ပါသည်။