MCC
https://fb.watch/oWo-h12S9h/
“ တစ်လုံးတစ်ဝတည်းခရီးစဉ် အတွေ့အကြုံအမှတ်တရ”
===============================
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက “ မင်္ဂလာ” ပါဟု နှုတ်ခွန်းဆက်သအပ်ပါသည်။
ယခုတင်ဆက်ဖော်ပြမည့် အစီအစဉ်မှာ-
နှစ်ပေါင်း (၁၀၉) နှစ် သက်တမ်း ရှိပြီဖြစ်သော မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၏ တစ်လုံးတစ်ဝတည်းဖြစ်ရေး သမိုင်းကြောင်းနှင့် လုပ်ဆောင်ခဲ့သော သာသနာ့လုပ်ငန်းများအကြောင်းကို အသင်းသူ/အသင်းသားများ ပိုမိုသိရှိနိုင်ရန် တစ်လုံးတစ်ဝတည်း လုပ်ငန်းတွင် ပါဝင်ဆက်ကပ် လုပ်ဆောင်ခဲ့ကြသော ဆရာကြီးများ/ဆရာမကြီးများ၏ဝေမျှခြင်းများကို မှတ်တမ်းတင် ရိုက်ကူး၍ တင်ဆက်ပြသခြင်း အစီအစဉ် ဖြစ်ပါသည်။
ရည်ရွယ်ချက်မှာ –
တစ်လုံးတစ်ဝတည်းသာသနာ့လုပ်ငန်းကို ပို၍ စိတ်ဝင်စားလာပြီး၊ လက်တွေ့ ပါဝင်လုပ်ဆောင် လာနိုင်ကြရန်နှင့် အထူးသဖြင့် မျိုးဆက်သစ် လူငယ်များ တစ်လုံးတစ်ဝတည်း လုပ်ငန်းတွင် ပိုမို စိတ်ပါဝင်စားစွာ ပါဝင်ဆက်ကပ်လာနိုင်ရန် ဖြစ်ပါသည်။
————————————————————————–
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၏ မြို့ပြကျေးလက်သာသနာပြုရေးကော်မတီတွင် အမှုဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သိက္ခာတော်ရဆရာ အမ်ဂျာနော၏ သမိုင်းကြောင်းဝေမျှခြင်းများကို မှတ်တမ်းတင်ရိုက်ကူး၍ တင်ဆက်လိုက်ပါသည်။